Welcome
Login / Register

မဟာဇနကဇာတ် _ တီး- စန္ဒရားအေဝမ်းခင်မောင်၊ ဆို- ဝင်းဦး၊

Featured

Thanks! Share it with your friends!

URL

You disliked this video. Thanks for the feedback!

Sorry, only registred users can create playlists.
URL


Added by Admin in DhammaSong
405 Views

Description

မဟာဇနကဇာတ်
လုံ့လနှင့် ဝီရိယမှာ၊ လျှော့ကြရင် မှားခြင်းပါ၊ လိုသာလိုမယ်
ပိုဘူးဘယ်ခါ၊ ငုံ့မိတော့ သဲတိုင် စွဲကိုင် တက်နိုင်ရင်
ထိပ်ဖျားရောက်နိုင်တာ။
အလောင်းတော် မဟာဇနက ရွှေပင်လယ် ရေပြင်ကျယ်
ကူးတော်မူရရှာ။
ခုနစ်ရက်တိုင်တိုင် သဲသဲမဲမဲဇွဲလည်း မလျှော့ပါ၊ လုံ့လကိုထုတ်ပါ
ယောက်ျားပီပီ ရှိလေရာ စာဆက်ကာ ပမာတက်စရာ မဟာဇနက
မင်းလို စံယူပါ။
သိလျက်နှင့်ကာ မဏိမေခလာ မေးခွန်းထုတ်ပြန်တာ၊
အလောင်းတော်ကိုဖြင့် တန်တော့ပါ မာန်လျှော့ကာ ပြန်ပြောတာ။
ဝီရိယထူးနဲ့ ဆွတ်ခူးခဲ့လေရှာ၊ အသက်ကိုဆုံးတော့ ငါ့လုံ့လတည်မှာ။
မေခလာပြန်ကာဟောတာ မောလျက်နှင့် ဇောတက်ရေလယ်မှာ
အမှန်ပါ၊ လုံ့လကိုထုတ်ပါ ယောက်ျားပီပီ ရှိလေရာ စာဆက်ကာ ပမာတက်စရာ မဟာဇနကမင်းလို စံယူပါ။
ကျောက်ဖြာထက်ပေါ်တက်ရာ အလောင်းတော်ကြီးရဲ့ဘုန်းသမ္ဘာ၊ ဝီိရယကြောင့် မှန်ပေတာ၊ ဖုတ်သွင်းရထား ဆိုက်ရောက်လာ။
အမတ်တွေညီညာ နားတော်လျှောက်ကြရှာ၊ ရွှေနန်းတော်
စံမြန်းလို့သာ။ ဧကန်ဘုရင် ဖြစ်လို့လာ။
ဝေးရာကိုသာ ဥဒါန်းကျူးပေတာ မှတ်စရာ၊ လုံ့လကို ထုတ်ပါ
ယောက်ျားပီပီ ရှိလေရာ စာဆက်ကာ ပမာတက်စရာ
မဟာဇနကမင်းလို စံယူပါ။ ။

Post your comment

Sign in or sign up to post comments.

Comments

Be the first to comment
RSS