Welcome
Login / Register

၀၂။ သုဇာတာဃနာနို့ဆွမ်း - မာမာအေး

Thanks! Share it with your friends!

URL

You disliked this video. Thanks for the feedback!

Sorry, only registred users can create playlists.
URL


Added by Admin in dhamma
244 Views

Description

သက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ
သေနာနိဂုံးရွာ သုဇာတာသဌေးသမီးမှ
ဗောဓိညောင်ပင်ရင်းတွင်
အရှေ့အရပ်သို့ မျက်နှာမူ၍
တရားနှလုံးသွင်းတော်မူသော
မြတ်စွာဘုရားရှင်အား
ဃနာနို့ဆွမ်းကပ်လှူခန်း

ဃနာနို့ဆွမ်း
(ဃနာနို့ဆွမ်းချက်ရန်
နွားမအကောင်တစ်ထောင်အား
နွယ်ချိုပင်များစိုက်ပျိုးထားသောတောထဲကို ကျောင်းကာ
၎င်းနွားမတစ်ထောင်မှညစ်ယူသောနွားနို့များကို
အခြားနွားမ ၅၀၀ ကိုတိုက်ကျွေးလေသည်
၎င်းနွားမ ၅၀၀ ယူသောနွားနို့များကို
အခြားနွားမ ၂၅၀ ကိုတိုက်ကျွေးလေသည်
ဤကဲလို့အဆင့်ဆင့်ပြုလုပ်ခဲ့ရာ
ခုနှစ်ဆက်မြောက်သောနွားမ ၈ ကောင်မှနို့ရည်တို့ကိုယူပီး
ဃနာနို့ဆွမ်းချက်လေသည်။)
အသင့်ချက်ယူပီးသော ဃနာနို့ဆွမ်းကို
အဖိုးတစ်သိန်းထိုက်တန်သော ရွှေခွက်မှာ ထည့်ယူပြီး သဌေးကတော်သုဇာတာကိုယ်တိုင် မြတ်စွာဘုရားကို ကပ်လှူလေသည်။

အလောင်းတော်မြတ်စွာဘုရားသခင်သည်
နေရဉ္ဇရာမြစ်ကမ်းကိုကြွတော်မူပြီး သုပ္ပဋိဋ္ဌိတရေဆိပ်မှာ ချိုးရေတော်သန့်စင်ပီးသောအခါ မြစ်ကမ်းစပ်တစ်နေရာတွင်
ထိုင်တော်မူ၍ အရှေ့အရပ်သို့ မျက်နှာမူပြီး
ဃနာနို့ဆွမ်းကို ၄၉ လုတ် ဘုန်းပေးလေသည်။
ဆွမ်းဘုန်းပေးပီးသောအခါ အလောင်းတော်ဘုရားရှင်သည်
ယနေ့တွင် ငါသည် ဘုရားရှင်ဧကန်ဖြစ်ဆိုပါက
ဤရွှေခွက်သည် ရေညာသို့ ဆန်ပါစေသား အဓိဋ္ဌာန်ပြီး
ရွှေခွက်မျောလေသည်။

Post your comment

Sign in or sign up to post comments.

Comments

Be the first to comment
RSS